Monday, February 23, 2009

ဘဝမှာ အောင်မြင်ခြင်းများ


ဘ၀တွင်အောင်မြင် ရခြင်းတရား(၁၀)ပါးဘ၀တွင် တိကျပြတ်သားသော ရည်မှန်းချက်ရှိခြင်း
အကောင်းမြင်ခြင်း၊ အပြုသဘောဆောင်ခြင်း
အတတ်ပညာရှိခြင်း၊ အတတ်ပညာဆည်းပူးခြင်း
ဆုံးဖြတ်ချက် ချတတ်ခြင်း၊ ချနိုင်ခြင်း၊ အမှန်ဆုံးဖြတ်ခြင်း
လူမူဆက်ဆံရေး ကောင်းမွန်ခြင်း
ပြင်းပြထက်သန်သော စိတ်ထားရှိခြင်း
အယုံမလွန်ခြင်း၊ အယုံမလွယ်ခြင်း၊ အားမနာခြင်း
မကြောက်ရွံ့ခြင်း၊ ရိုးရာအစွဲအလန်း မကြီးခြင်း
ဝင်ငွေနှင့် ထွက်ငွေမျှတအောင် သုံးစွဲခြင်း
သင့်တင့်သော ငွေကြေးရရှိအောင် ကြိုးစားရှာဖွေခြင်းစာဖတ်အပြီးမှာပဲ .. မိမိဘ၀ရော.. အောင်မြင်ဖို့ ယခုတရားဘယ်နှစ်ပါးများ ရနေပြီလဲလို့.. ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ကြည့်တော့....
ahmei ဘ၀မှာ အတိကျဆုံး ရည်မှန်းချက်တစ်ခုတော့ရှိတယ်..ဟဲဟဲ...ပထမအချက်တော့ အိုကေတွားပီ..
အကောင်းမြင်တတ်သလိုလိုနဲ့ သတိလစ်ရင်လစ်သလို အဆိုးလည်း မြင်တတ်တယ်...အင်း..အပြုသဘောလဲ ဆောင်သလိုလိုပဲတွ
အတတ်ပညာတော့ ရှာဖွေလေတွေ့ရှိလေပဲ ( google ကိုပြောတာဟုတ်ဝူးနော် :P ).. ခုထိအရာရာ ဆည်းပူး လေ့လာသင်ယူ နေရဆဲပဲ..
ဆုံးဖြတ်ချက်ချတဲ့နေရာမှာ.. မြန်တော့လဲဇွတ် ၊ အဲနှေးပြန်တော့လဲ တွန့်ဆုပ်တွန့်ဆုပ်နဲ့ခံစားချက်ကို အသားပေးလွန်းသလားလို့...အမှန်ကိုဆုံးဖြတ်လားဆိုတော့..မှန်တယ်မှားတယ်လို့ရယ် မမှတ်ပဲ မှန်တယ်ဆိုလဲပြီးသွားတာပေါ့ ၊ အဲမှားတယ် ဆိုရင်တော့ အရာရာကို အကောင်းဖက်တွေးပြီးနောင်.. သင်ယူစရာ လေ့လာစရာလို့ မှတ်လိုက်တော့ နောင်တဆိုတာမရှိတလောက်ပဲ..ဟားဟား..ကောင်းတယ် ကောင်းတယ်..
လူမူဆက်ဆံရေးလား..ဟီး.. ကလေးတွေး တအားတွေးလွန်းတယ်...မကောင်းဝူး.. အင်း အဲဒါပြင်ရအုံးမယ်..
ပြင်းပြထက်သန်သောစိတ်ထားရှိလားဆိုတော့ .. ကိုယ့်အလုပ်ကျ ကောင်းကောင်းမလုပ်ဝူး၊ သူများကူညီရမယ်ဟေ့ဆိုရင် လာသာထား.. balance မညီဝူး
ဒီအချက်ကြီးကလဲနော်.. အကုန်ပါသွားပီတွ.. အယုံလွန်တယ် ၊အယုံလဲလွယ် ၊ အားကလဲနာ.. ကုန်ပီ.. အဟင့်.
ဟူး..တော်သေးတယ်...ဒါလေးက ကယ်သွားပေလို့ ပေါ့ကွယ်..
ပိုက်ဆံနဲ့ ပတ်သက်လို့လား ...အင်း management တော်တော်ညံ့တယ် မပြောချင်တော့ပါဝူး..
အိမ်ကိုခုထိဟင့်..ပိုက်ပိုက် တောင်းရတုန်းပဲ..ပညာသင်လို့ဝရင်ပိုက်ပိုက်ရှာမယ်လေနော်..... ပြီးဝါးပီ. အင်း.. အားရစရာတွေပါပဲလားကွယ်.. .သူငယ်ချင်းတို့လဲ စိတ်ဝင်စားရင် ကိုယ့်ဟာကိုယ်သုံးသပ်ကြည့်လေနော်..lect ပေးပြီးရေးပါ...

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ကျွန်တော့် ဆီကိုလာလည်တဲ့ အတွက် ကျေးဇူ တင်ပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....